အစိုးရတပ်မတော် ရဲ့  တရုတ်အပေါ် AA ကို အကူအညီ မပေးဖို့ တောင်းဆိုနေမှုက အရာရောက်မယ် မထင်ဖူး ။

အစိုးရတပ်မတော် ရဲ့  တရုတ်အပေါ် AA ကို
အကူအညီ မပေးဖို့ တောင်းဆိုနေမှုက
အရာရောက်မယ် မထင်ဖူး ။

ဘာ‌ကြောင့်လဲ ဆိုတော့ ရခိုင် ဆိုတာ
တရုတ် ရဲ့  စီမံကိန်းဇုန် အခုနောက်ပိုင်း
တရုတ်ရဲ့  ပေါလစီကိုက ဒေသခံ တွေနဲ့
အဆင်‌ပြေရေး ဒေသခံလူထု ထောက်ခံအားပေးနေတဲ့
အဖွဲ့ အစည်းတွေနဲ့ အဆင်‌ပြေနေဖို့ပဲ ဖြစ်တယ်။
ဒါမှ သူတို့ ဒီ နယ်‌မြေမှာ စီးပွားရေး လုပ်ရ ကိုင်ရ
ချောင်လည် မှာ ဖြစ်သလို AA ကိုယ်တိုင် ကလည်း
ရခိုင် မှာ ရှိ သမျှ စီမံကိန်းတွေ လုပ်မယ်ဆိုရင်
သူတို့ နဲ့ ‌ညိနှိုင်းဖို့ ‌ကြေ ငြာချက် ထုတ်ထားပြီးသား
ဖြစ်တယ် ။ ဒါကို India နိုင်ငံကလည်း
လက်ခံရမှာ ဖြစ်တယ် ။
ဒီ နိုင်ငံရဲ့  အဆင့်နဲ့ တရုတ်ကို ဖိအားပေးနိုင်တဲ့
အ‌ခြေ အနေ မှာ မရှိတာ တော့ အမှန်ပါဘဲ ။
ဒီ အတွက် AA က စိတ်ပူစရာ မလိုဖူး ။
AA ရဲ့  စစ်အသုံးစရိတ် နဲ့ ပက်သက်ပြီး
စစ်အုပ်စု ဘက်က မူးယစ်ဆေးဝါးကို
အ‌ကြောင်းပြထားတယ် ။
ဒါ တဖက် အဖွဲ့  အစည်းကို ထိုးနှက်ချင်လို့
အ‌ကြောင်းပြချက်ပါ ။
ဘိန်းခင်းတွေနဲ့ ပက်သက်ပြီး ကချင် နဲ့ ရှမ်း
ပြည်နယ်က ဘိန်းခင်းတွေက ဘယ်အဖွဲ့ 
အစည်းက ကာကွယ်နေလဲ ဆိုတာ
လူတိုင်း သိပါတယ် ။
နောက်တချက်က ARSA အာဆာ နဲ့ AA ကို
ပူးတွဲ ထုတ်ပြန် ချက်တွေက လူထု ထောက်ခံမှု
ကျဆင်းအောင် လုပ်ဆောင်နေတာက ကလေးကွက်
ဆန်နေသလားပဲ ။
ကြားထဲက ARSA ကတော့ AA နဲ့ စစ်တပ်ကြားက
အသုံးချ ခံ ဖြစ်လိမ့်မယ် ။
စစ်အုပ်စု ဘက်ကတော့ အာဆာဆိုတာ
နိုင်ငံရေး အသုံးချ ခံ AA ဘက်ကတော့
စစ်ရေး အသုံးချ ခံ သာသာပဲ ရှိပါတယ် ။
AA ရဲ့  လက်နက်ခဲယမ်းကတော့
မဟာမိတ်တွေဆီက အထူးသ ဖြင့်
KIA နဲ့ UWSA ဆီကရတယ် ဆိုတာ မှန်ပါတယ်
MNDAA ကိုးကန့် ဖုန်ကြားရှင် ဘက်ကလည်း
ကူညီပါတယ် ။
အံ သြစရာကောင်းတာ က ဒီလက်နက်ခဲယမ်း
တွေကို ရှည်လျားတဲ့ ရခိုင် လမ်း‌ကြောင်းအထိ
နယ်စပ်က နေ သယ်နိုင်တာကိုပဲ
လေးစားဖို့ ကောင်းတယ် ။
ဒီ အတွက် သူတို့ ဘယ်လောက် အချိန်ယူ ပြီး
ပြင်ဆင်ထားခဲ့ လဲ ဆိုတာ ကျနော် မှာ
အ‌ဖြေ မရှိဘူး ။
ရခိုင် မှာ လက်နက်ကိုင် လမ်းစဉ်က
ရေ ‌မြေ တောတောင် အနေအထားနဲ့
မ ဖြစ်နိုင်ဖူးလို့ ‌ ရခိုင် နိုင်ငံရေးသမားတွေ
‌ပြောခဲ့တယ် ။
ဒါကို ခုချိန်မှာ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က အလုပ် နဲ့
သက်သေ ပြ ခဲ့တယ် ။
သူရဲ့  လုပ်နိုင်စွမ်းကတော့ သမိုင်း တခေတ်မှာ
လေးစားရမှာ အမှန်ဘဲ
၂၀၀၉ မှာ တည်ဆဲ ၂၀၀၈ တည်ဆဲ ဥပဒေအရ
KIA UWSA NDAA ( မိုင်းလား) MNDAA ကိုးကန့်
အဖွဲ့ တွေဟာ တပ်မတော် လက်အောက်ခံ
ပြည်သူစစ် အသွင်‌ပြောင်းဖို့ ဖိအားပေးခံရတယ် ။
တချို့  အဖွဲငယ် တွေ က လက်နက်အပ်ဖို့ နဲ့
ဖျက်သိမ်းဖို့ အမိန့်ထုတ်ပြန်တယ် ။
၂၀၀၉ မှာ မူးယစ်ဆေးဝါး အ‌ကြောင်းပြချက်နဲ့
တပ်တွေ အဆင့်အသင့် ရှိတဲ့
လောက်ကိုင်ကို သိမ်းတယ် ။
MNDAA ဖုန်ကြားရှင် တို့ အုပ်စု တရုတ်ကို
ထွက် ‌ပြေးရတယ် ။
ဒီ အ‌ခြေအနေ ကို KIA က ရိပ်မိသွားတယ်
AA နဲ့ TNLA စစ်သင်တန်းပေးရေး စတင်လာတယ်
၂၀၁၁ မှာ KIA TNLA နဲ့ တကျော့ ပြန်
စစ်ပွဲ ဖြစ်တယ် ။
အဲဒီ အချိန်မှာ သတင်းဌာနကနေ
လိုင်ဇာမှာ ရှိတဲ့ AA နဲ့ ပက်သက်ပြီး
သတင်းတွေ ရေးသားလာတယ် ။
ဒါကို ဘယ်သူမှ သတိမထားမိဖူး ။
AA အပေါ် စစ်တပ် ရဲ့  အထင်သေးမှုက
AA ရဲ့  အားသာချက် ဖြစ် နေ ပြီး
ဒီ အပေါ်မှာ သူတို့ လှုပ်ရှားချိန် ရသွားတာပဲ ။
အားတစ်ခုကို စုဆောင်းနိုင်သွားတယ် ။
ကချင် စစ်ပွဲကနေ KIA UWSA TNLA AA
အကူအညီနဲ့ ဖုန်းကြားရှင်ရဲ့  MNDAA တပ်တွေ
တကျော့ ပြန် လောက်ကိုင် မုံးကိုး စစ်ပွဲတွေ
ဖြစ်လာတာ လူတိုင်း သိမှာပါ ။
အင်အား တရပ် ရှိလာတဲ့ AA ရဲ့  တရားဝင်
နိုင်ငံရေး စကား‌ပြော ဆိုလာမှုက
၂၀၁၈ ကာလ မှာ စလာတယ် ။
မီဒီယာ တွေနဲ့ အတိအလင်း အင်တာဗျူး
‌ဖြေတယ် ။
သူတို့ ရည်ရွယ်ချက်ကို ထုတ်‌ပြောတယ် ။
တချို့ သတင်းဌာနတွေက AA စစ်ဦးစီးချုပ်
ထွန်းမြတ်နိုင် ရဲ့  နိုင်ငံရေးစကားဟာ
ရခိုင် လူထု အ ကြိုက် လိုက်ပြီး ‌ပြောနေသလားပေါ့
ကျနော် တော့ အဲလို မထင်ဘူး
AA စဖွဲ့ ကတည်းက ရခိုင် ဟာ သမိုင်းမှာ
သီး ခြား နိုင်ငံ အနေ နဲ့ နေထိုင်ခဲ့ တဲ့
လူမျိုးတမျိုး ဖြစ်တယ် ဆိုတာ
‌ပြောခဲ့ ပြီးသား ဖြစ်တယ်။
မုန်တိုင်းကြား က အာရကန် ၂၀၂၀ အိမ်မက်
ဆိုတာ စနစ်ကို အသက်သွင်း ဖို့ ဖြစ်တယ် ။
AA စစ်ဦးစီး ချုပ် ထွန်းမြတ်နိုင် နဲ့
အင်တာဗျူးတွေ ဟာ မီဒီယာတွေ အ ကြိုက်
ဖြစ်နေတယ် ။
စစ်အုပ်စု ကို မထိတထိ ရိနေတာတွေ
ခံ‌ပြောနေတာတွေ က စစ်အုပ်စု အတွက်ကတော့
ခံရ ခက်မှာ အမှန် ဘဲ ။
အဲ အပေါမှာလည်း စစ်အုပ်စုက
သူတို့ ကို လှန်ရကောင်းလားဆို ပြီး
ခံစားချက်တွေ နဲ့
ရခိုင် ကို မီးကုန် ယမ်းကုန် မဲ‌နေတာ‌လည်းပါတယ် ။
ခွဲထွက်ရေးမူက အ ခြားလက်နက်ကိုင်တွေလည်း
ခံစားချက်ရှိနေတယ် ဒါကို စစ်အုပ်စုလည်း သိတယ်
အ ခြား လက်နက်ကိုင်တွေက သူတို့
အားကောင်းဖို့ အချိန်ယူဖို့ ထုတ်မ‌ပြောတာပဲ
ရှိမယ် ။
AA ကတော့ ‌ဗြောင်‌ဗြောင်ကျကျ တွေ
‌ပြောနေတော့ ဒါကို စစ်အုပ်စု ဘက်က
မ ကြိုက်တာလဲ ပါမယ် ။
ရခိုင် အမတ်တွေလည်း AA ဘက်က ပါပေးပါတယ်
အ ခြား ပြည်နယ် တွေမှာလည်း
လူမျိုး စု လက်နက်ကိုင်တွေ ကျ လက်ခံ ပြီး
ရခိုင် မှာ AAကို ဘာ‌ကြောင့် လက်မခံတာလည်း
မေးခွန်းထုတ်တော့ စစ်အုပ်စု ဘက်က
သောင်းကျန်းသူ ဝေါဟာရနဲ့ ပယ်ချထားတယ် ။
ဘာမှ မဆိုင်တဲ့ ရှမ်းပြည်မှာ AA ကို နေရာ
ပေးမယ်ဆိုတော့ ဒါ‌ ရှမ်းတွေကို စစ်အုပ်စုက
ဘယ်လောက်အထိ ဂရုမစိုက်လဲ ဆိုတာပဲ ။
AA ဘက်က လက်မခံပါဘူး
နောက်တချက် က ဧရာဝတီ သတင်းဌာန
ရေးသားချက်မှာ AA မှာ ဆေးတပ်သား မရှိဖူးပေါ့
ဒါကို တော့ ငြင်းချင်တယ် ။
AA မှာ ဆေးတပ်သား ရှိပါတယ်
ရခိုင်လို စစ်‌မြေ ပြင် မှာ ဆေးဝါး လုံလောက်မှုက
AA အတွက် ခက်ခဲလိမ့်မယ် ။
ရခိုင်မှာ AA ဘက်က ကျည်ဖြုန်းအား မကျသေး
တာက တပ်မတော်ဘက် က သိမ်းဆည်းရမိတဲ့
လက်နက် ခဲယမ်း MA တွေကို ပြန်ပြင်
သုံးလဲ ရပါတယ် ။
ဒါမျိုး ‌မြောက်ပိုင်း စစ်ပွဲတွေမှာ ပြန်ပြင် သုံးပါတယ် ။
‌AA ဘက်က တော်တဲ့ ကျောင်းသားတွေကို
တရုတ် ကို သွားပြီး သင်တန်းယူခိုင်းပါတယ် ။
ကရင် ပြည်နယ် အ‌ခြေစိုက် FBR မှာလည်း
သင်တန်းယူပါတယ် ။
FBR နဲ့ ပက်သက်ပြီး တပ်မတော် ဘက်က
အသိအမှတ် မ ပြု ဘူး ‌ပြောထားပေမဲ့
နာမည် ကြီး လက်နက်ကိုင်တွေကတော့
သူတို့ ဆီကို သင်တန်းသားစေလွှတ်နေတော့
အံ သြ စရာပဲ ။
FBR က အာဖန်ကန် စစ်ပြန်နဲ့ ဖွဲ့ စည်းထားတယ်ဆို
ပေမဲ့ သူတို့ ထောက်ပံ နေတဲ့ အဖွဲ့ အစည်းကို
တရားဝင် ‌‌ပြောဆိုတာ တော့ မရှိဖူး ။
တချို့ က CIA အထောက်အပံလို့ ‌ပြောတယ် ။
သူတို့ ရည်ရွယ်ချက်ကတော့ လူသားချင်းစာနာ
အကူအညီ ပေးရေး တရားဝင်တော့
‌ပြောဆိုထားတယ် ။
အ‌ကြောင်းအရာလေးတွေ ကို ဝေမျှရေးသားရင်း
စစ်အုပ်စု ဖိန့်ဖိန့် တုန်အောင် ‌ကြောက်တဲ့ AA
ဗိုလ်ချုပ် ထွန်းမြတ်နိုင် ဒေါက်တာ ညို
တို့ ပုံရိပ် တွေ ကို လေးစားစွာနဲ့
ဝေ မျှပါတယ် အမျိုးတိ 😊Crdပေးပါရေ မူရင်းအား

Post a Comment

0 Comments