မြန်မာ့တပ်မတော်အနေနဲ့ AA ကို တိုက်မနိုင်တော့ဘူး။

မြန်မာ့တပ်မတော်အနေနဲ့ AA ကို တိုက်မနိုင်တော့ဘူး။ ငြိမ်းချမ်းရေးကမ်းလှမ်းရုံမှအပ အခြားရွေးစရာလမ်း မရှိတော့ဘူးဟု ဦးသန်းစိုးနိုင်က ဆို


~~~~~~~~~~~~~~~~~~~~~~~~
တပ်မတော်အနေနဲ့ ကျန်လက်နက်ကိုင်များအားအပြုတ်နီးပါးတိုက်ခဲ့နိုင်သော်လည်း ခေတ်သစ်တော်လှန်ရေးသမိုင်းတွင် အေအေတပ်အပေါ် တပ်မတော်မှ ရှင်းလင်းနိုင်မည့်အခြေအနေမရှိကြောင်း ဗကဗဟောင်း စာရေးဆရာဦးသန်းစိုးနိုင် သုံးသပ်။
တပ်မတော်သည် ရခိုင်ဒေသတွင် ရှက်ယမ်း ယမ်းနေရုံမှအပထိရောက်သည့်ထိုးစစ်ဆင်မှုများမှာ သိသိသာသာလျှော့ကျသွားခဲ့ပြီး လက်ရှိအရပ်သားအစိုးရကိုအပြစ်ပုံချဖို့ ကြိုးပမ်းနေတာတွေ့ ရကြောင်း၊ ကမ္ဘာနိုင်ငံကြီးများ၏ ဖိအားကို NLD အစိုးရ ပခုံးအပေါ်လွဲချရန်ကြိုးစားလာပြီးသမိုင်းတလျှောက်ဆိုးသွမ်းခဲ့သည့် တပ်မတော်၏အပြစ်များကို ဖုံးကွယ်ရန်ကြိုးစားလာကြောင်းတွေ့ ရှိရသည်ဟုဆိုသည်။
ရခိုင်ဒေသစစ်ရေးပဋိပက္ခတွင် မှားယွင်းခဲ့သည့်သေနင်္ဂဗျူဟာများကြောင့် စစ်သည်များစွာအသက်ဆုံးရှုံးခဲ့ရပြီး တပ်မတော်တွင်းထိပ်ပိုင်းအငြ်းပွားဖွယ်ထွရောက်ရှိရကြောင်း၊ မြေပြင်အနေအထားတွင်စစ်ရှုံးနေသည့်တပ်မတော်သည် နိုင်ငံတကာ၏စောင့်ကြည့်မှုကိုပါခံနေရကာ အမြစ်မဲ့ဒေသခံများအပေါ် ရှက်ယမ်း ယမ်းနှိပ်စက်နေသော်လည်း ဗကဗခေတ်နှင့်မတူသည့် အနေအထားကြောင့် မြန်မာစစ်တပ်သည် ရခိုင်တပ်ကို ငြိမ်းချမ်းရေးစကားပြောရန်ကမ်းလှမ်းရုံမှအပ ရွေးချယ်စရာမရှိတော့ကြောင်းသုံးသပ်လိုက်သည်။
ကျွန်တော်ပြောနိုင်တာက ဟိုတုန်းက ရှမ်းမြောက် ကချင် ကရင် ဖက်မှာပွဲကြမ်းခဲ့တယ်၊ ဒါပေမယ့် ဒီကနေ့ ခေတ်မှာ အယင်လိုလုပ်လို့ မရတော့ဘူး၊ ပြီးတော့အေအေကလည်းဗျူဟာသစ်နဲ့ ပွဲခင်းတယ်၊ ဒီတော့ တပ်မတော်ဟာ ရှုံးလေလေ အရပ်သားတွေပွဲကြမ်းလေပဲ၊ ICJ မှာတရားရင်တဆိုင်နေရတဲ့ အမှုကမပြီးသေးဘူး၊ နောက်တမှုထပ်တိုးအောင်လုပ်နေတယ်၊ ပြီးရင် NLD အစိုးရကိုလွှဲချမယ်၊
အခုရခိုင်မှာ စစ်ဆင်ရေးလုပ်မယ်ဆိုပြီးရွာသားတွေကိုဖယ်ခိုင်းတယ်၊ ဒီတော့ ကမ္ဘာကဘယ်လိုမြင်သွားလဲဆိုတော့ ၂၀၁၇ က ဘင်္ဂလီတွေကို ကျုးလွန်တဲ့အပြစ်မျိုးနောက်တကြိမ်ထပ်ကျူးလွန်ဖို့ ကြိုးပမ်းနေတယ်ဆိုပြီး ကမ္ဘာက မြန်မာစစ်တပ်ကိုအဲလိုရှူမြင်သွားတယ်။
အေအေကိုအမြစ်မဖြတ်နိုင်ရင် အကြမ်းဖက်ကြေငြာထားတာကရုပ်သိမ်းလိုက်ပါ၊ ပြီးရင်ငြိမ်းချမ်းရေးကိုခေါ်ပါ၊ သူတို့ ဘာလိုချင်လဲမေးပါ ညှိ့ နှိုင်းပါ၊ မဟုတ်လို့ ကတော့ မြန်မာတပ်မတော်ဟာ လက်နက်ကတော့ရှိပါရဲ့ လက်နက်ကိုင်မယ့်သူရှိတော့မှာမဟုတ်ဘူးလို့ ကျွန်တော်သုံးသပ်မိပါတယ်။
အယင်ခေတ်က ကရင်တော်လှန်ရေးခေါင်းဆောင် စောဘဦးကြီးတို့ ကိုသာ ရချင်ရလိမ့်မယ် ဒီကနေ့ လူငယ်တွေဦးဆောင်နေတဲ့ ရခိုင်ထိပ်ပိုင်းခေါင်းဆောင်တွေကိုအဲလိုသွားလုပ်လို့ မရဘူး၊ ရန်ကုန် မန္တလေး ထိပြသနာကကြီးထွားလာနိုင်တယ် လို့ ကျွန်တော်သုံးသပ်မိပါတယ်။
မြန်မာနိုင်ငံရှိ နိုင်ငံရေး ပါတီများတွင် သက်တမ်း အရှည်ကြာဆုံး သမိုင်းဝင် ပါတီ ဖြစ်သည့် ဗမာပြည် ကွန်မြုနစ် ပါတီ (ဗကပ) ဝင်ဟောင်း
စာရေးဆရာ သန်းစိုးနိုင်သည် ၁၉၇၀ ခုနှစ် ကစတင်၍ ဗကပ နှင့် ဆက်စပ်ပတ်သက်ပြီး နိုင်ငံရေး လှုပ်ရှားမှုများ လုပ်ကိုင်ခဲ့သူ ဖြစ် သည်။ ၁၉၇၄ ခု ဦးသန့်အရေးခင်း အပြီးနောက်ပိုင်း အလုပ်သမား အရေးအခင်းအတွင်း ပါဝင်ခဲ့မှုကြောင့် ထောက်လှမ်းရေးက လိုက်ဖမ်းသည့် အတွက် တောထဲရောက်သွားသည်။ ၁၉၇၅ ခုနှစ်မှ ၉၀ ပြည့်နှစ်အထိ ဗကပ လွတ်မြောက်နယ်မြေတွင် နေထိုင်ခဲ့ သည်။ ၉၀ ပြည့်နှစ်တွင် အထိန်းသိမ်းခံခဲ့ရသည်။ ၉၄ ခုနှစ်အကုန်၌ ပြည်တွင်းသို့ ပြန်လာခဲ့သည်။ ဗမာပြည် ကွန်မြူနစ် ပါတီတွင် ၄၀၄၆ တပ်ရင်း နိုင်ငံရေးမှူး နှင့် တပ်ပေါင်းစု လုပ်ငန်း တာဝန်ခံအဖြစ် အလယ်ပိုင်း ဗျူရို၌ တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
Crdt; Mandalay News





Post a Comment

0 Comments