ကာမပိုင် ရခိုင်အမျိုးသမီး တစ်ဦးမုဒိမ်းကျင့်ခံခြင်နဲ့ ပြောပြချက် ရုပ်သံ၊ ရင်နာစရာ ရခိုင်ရိုးဘ၀။

မြန်မာတပ်မတော်သား တစ်ချို့မှ ကာမပိုင်လင်ရှိသည့် အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်မှု ကာယကံရှင် အမျိုးသမီးနှင့ Arakan Info Desk တို့အင်တာဗျူးရုပ်သံအား  တွေ့လိုက်ရပါတယ်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာသို့ ရောက်ရှိနေသည်၊ စစ်ကြောင်းမှ တပ်မတော်သားတစချို့သည် ကာမပိုင်လင်ရှိသည့် အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်ခဲ့သည်။

အဆိုပါ ဦးဂါကျေးရွာတွင် ဇွန်လ ၃၀ရက်နေ့ ညနေ၅နာရီခန့်အချိန်တွင် ရောက်ရှိလာသည့်၊ မြန်မာတပ်မတော် စစ်ကြောင်းမှ တပ်မတော်သား၃ဦးသည် ည၁၁နာရီအချိန်ခန်ံတင် ဗုံးခိုးကျင်ထဲတွင်ရှိနေသည့် အသက်၃၆ နှစ်အရွယ် ကလေး၎ဦးမိခင်အား သေနတ်ထောက် ခေါ်ထုတ်ပြီး အိမ်ဘေးနားက အဆောင်တွင် အဓမ္မကျင့်ခဲကြောင်း ကာယကံရှင်အမျိုးသမီးမှပြောပါသည်။

👉👵ပထမက  ကျွန်မကို ခေါ်ပြီး ငါတို့တောင်းတာကို ပေးမလား မပေးဘူးလား ပြောပါတယ်။  ကျမ ခန္ဒာကိုယ်ကိုတောင်းပါတယ်၊ တောင်းပြီးတော့ သူတို့ရလာတဲ့အချိန်မှာ နောက်တစ်ယောက်ကလာပြီးတော့ ၀င်လာတယ်၊ အားလုံးဆိုရင်သုံးယောက်ရှိမယ်၊ တစ်ယောက်ကျမကို ပြုကျင့်တဲ့အချိန်ဆိုရင် ၁၀မိနစ်လောက်ကြာတယ်၊ သူတို့ကတော့ ကျမကို အရင်ဆုံး အင်္ကျီကို ချွတ်ပါတယ်၊ အဲလိုလှန်ပြီးတော့ ကျမနို့ကို ကိုင်ပါတယ်။ 👉👵ကျမက သူကိုတွန်းကန်ပါတယ်၊ မကန်းနဲ့ဆိုပြီးတော့ပြောတယ်၊ ဓါးထုတ်လို့ နောက်တစ်ယောက်က ပြောလိုက်ပါတယ်၊ နောက်တစ်ယောက် သေနတ်နဲ့ချိန်ထားပါတယ်၊ တွန်းတာနဲ့ ထွက်ပြေးတာ လုပ်ရင် ပစ်သတ်လိုက်မယ်လို့် ပြောပါတယ်၊ အဲဒီအချိန်မှာ ကျမစိတ်ကူးမိတယ်။  ကျမထွက်ပြေးသွားရင် ကျမသမီးလေးတွေ ဒုက္ခရောက်သွားနိုင်တယ်၊ ကျမမှာ လူလားမမြောက်သေတဲ့ သားသမီးတစ်ယောက်နှစ်ယောက်ရှိသေတယ်လို့ ကျမသားသမီးတွေ ဒုက္ခရောက်သွားမယ်ဆိုပြီးတော ကျမသေသွားခဲ့ရင် ကျမသွားသမီးတွေ ဘယ်လိုနေကြမလဲဆိုပြီးတော့ တွေးတယ်၊ ဒီလူတွေလက်က  ထွက်ပြေးရင်လည်း ကျမလွတ်မြောက်ဖို့မမြင်ဘူးဆိုပြီးတော့ ကျမစဉ်းစားမိတယ်။ 👉👵သူတို့လက်ခုတ်ထဲက ရေဖြစ်နေတယ်။ အဒီနေရာမှာဆိုရင် မိန်းမသား ၆ဦးသာရှိတယ်၊ ကလေးသုံးဦးနဲ့ သူတို့မုဒိမ်းကျင့်မယ်ဆိုလည်း အမျိုးမျိုးလိုချင်သလို ပြုကျင်လို့ရတယ်။ ကျင့်ရင်လည်း အသက်ကြီးသူက ၄ဦးဖြစ်နေတယ်၊ အသက်ငယ်ရွယ်သူက နှစ်ဦးသာဖြစ်နေတယ်။ 👉👵 သူတို့က အသက်ငယ်သူတွေကို သဘောကျတယ်၊ လိုလားချက်ရှိတယ်။ ကျမဆီက အလိုတောင်းတော့ ဒီလူတွေကို မပေးရင်မဖြစ်တော့ဘူးဆိုပြီးတော့ ပေးလိုက်ရတယ်။ နေတဲ့ (အဓမ္မပြုကျင့်) အချိန်မှာ တစ်ယောက် ၁၀မိနစ်လောက်နေပြီးတော့ နောက်တစ်ယောက်က လုပ်တယ်၊ နောက်ထပ်တစ်ယောက်လုပ်နေလိုပြီးတော့ ၁၀မိနစ်အကွာလောက်နေတဲ့အချိန်မှာ နောက်ထပ်တစ်ယာက်လုပ်တယ်။ 👉👵နောက်ဆုံးတစ်ယောက်က သူတို့ကြိုက်သလို သူက မှောက်ဆိုမှောက်၊ ပက်လက်ဆိုပက်လက်၊ သူကလှန်ဆိုရင်လှန် အဲလိုမျိုးလုပ်သလိုခံရတယ်။ အဲ့လိုလုပ်ပြီးတဲ့အချိန်မှာ ဆင်းလာတော့ကိုယ့်ကိုကိုယ့် မျက်ရည်ကျမိတယ်။ ငါ့မှာ အဝေးမှာ မောင်ရှိယ် ညီမရှိတယ်။ လင်ယောက်ျားရှိနေတယ်။ 👉👵ဒီစကားကို (ဖြစ်ရပ်) ကျမဘယ်လိုဖြေသိမ်းရမလဲဆိုပြီးတော့ အမျိုးမျိုးကိုတွေးမိတယ်။ တွေးမိပေမဲ့လည်း သားလင်ဖြစ်တဲ့လူက ကျမဟာ စိတ်ရှိလိုဖြစ်တာမဟုတ်ဆိုပြီးတော့ ဖြေသိမ်းလို ကျမသားလင်ကို ပြောပြရင် ရမှာပါဆိုပြီးတော့ စိတ်ကိုတွေးမိတယ်။




Post a Comment

0 Comments