ွှThree Myanmar soldiers rapped 36 years old Ma Hla Myint in U Gar village in Rathedaung township.

👿👿Three Myanmar soldiers rapped 36 years old Ma Hla Myint in U Gar village in Rathedaung township at 11 pm last neght.😈😈



  1. ရသေ့တောင်မြို့နယ်တွင် ကာမပိုင်ရှိ အမျိုးသမီးတစ်ဦး
တပ်မတော်သားများ၏ အဓမ္မပြုကျင့်ခြင်းခံရ
Arakan Info Desk -AID
ဇူလိုင်လ ၁ ရက်/ ၂၀၂၀ ခုနှစ်
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာသို့ ရောက်ရှိနေသည့် စစ်ကြောင်းမှ တပ်မတော်သားတချို့သည် ကာမပိုင်လင်ရှိသည့် အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်ခဲ့ကြောင်း Arakan Info Desk မှ သတင်းရရှိသည်။
အဆိုပါ ဦးဂါကျေးရွာတွင် ဇွန်လ ၃၀ ရက်နေ့ ညနေ ၅ နာရီခန့်အချိန်တွင် ရောက်ရှိလာသည့် မြန်မာ့တပ်မတော် စစ်ကြောင်းမှ တပ်မတော်သား ၃ ဦးသည် ည ၁၁ နာရီအချိန်ခန့်တွင် ဗုံးခိုကျင်းထဲတွင် ရှိနေသည့် အသက် ၃၆ နှစ်အရွယ် ကလေး(၄)ဦးမိခင်အား သေနတ်ထောက် ခေါ်ထုတ်ပြီး အိမ်ဘေးနားက အဆောင်တွင် အဓမ္မပြုကျင့်ခဲ့ကြောင်း ကျေးရွာသားများက Arakan Info Desk သတင်းဌာနသို့ ပြောသည်။
"ည ၁၁ နာရီလောက်မှာ စစ်သား ၄ ယောက်က ခြံဝန်းထဲကိုရောက်လာပါတယ်။ အဲဒီ ၄ ယောက်ထဲက သုံးယောက် ကျမကို ဗုံးခိုကျင်းထဲကနေခေါ်ထုတ်ပြီး အိမ်ဘေးနားက အဆောင်မှာ တစ်ယောက်ပြီးတစ်ယောက် ကျင့်တာပါ။ နောက်ပြီးတော့ ကျမသမီး ကလေးမွေးပြီးလို့ ၆ ရက်ပဲရှိသေးတဲ့ သမီးလေးကိုလည်း အဓမ္မပြုကျင့်ဖို့လုပ်ခဲ့ပါတယ်။ ကျင့်တော့ မကျင့်ခဲ့ဘူး။" ဟု ပြုကျင့်ခံရသူ အမျိုးသမီးက Arakan Info Desk သတင်းဌာနသို့ ပြောသည်။
အဓမ္မပြုကျင့်သူ ၃ ဦးသည် ယခုကဲ့သို့ ပြုကျင့်သည်ကို သတင်းပေါက်ကြားပါက အသေသတ်ပစ်ဖြစ်ကြောင်းလည်း ခြိမ်းခြောက်ခဲ့သည်ဟု ဆက်လက် ပြောပြသည်။
အဆိုပါစစ်ကြောင်းသည် ကျေးရွာအတွင်းမှ ကြက်၊ ဝက်များကို တောင်းယူပြီး ညအချိန်တွင် လူနေအိမ်တချို့နှင့် ဆိုင်ခန်းတချို့ကို ဖောက်ထွင်းမှုများ ပြုလုပ်ခဲ့ကြောင်း ကျေးရွာသားများက Arakan Info Desk သတင်းဌာနသို့ ပြောသည်။
အဆိုပါကိစနှင့်ပတ်သက်၍ Arakan Info Desk သတင်းဌာနမှ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့သို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

  • A woman in Kamar Taung Township
Soldiers raped by soldiers
Arakan Info Desk -AID
July 1, 2020
Rakhine State Township Arakan Info Desk reported that some Tatmadaw troops who had arrived in the village of Ugarh had raped a woman who had no husband.
Villagers told the Arakan Info Desk news that three Tatmadaw soldiers who had arrived in the village of Uga at about 5 pm on June 30 at the time of the bombing raided the mother of a 36-year-old boy, who raped his mother in the dormitory.
"At about 11 pm, four soldiers came into the yard. Three of the four were taken out of the bunker, one by one, and one by another in the attic next to the house. Then my daughter, who was just six days after the birth, was not raped." The victim told the Arakan Info Desk.
He added that three of the perpetrators had been threatened with death if they heard of the case.
The fighting was carried out in the village. Villagers told the Arakan Info Desk that night they had been begging pigs and breached some houses and shops.
The Arakan Info Desk news agency tried to contact the Tatmadaw NewsAgency by phone but could not be reached.















Post a Comment

0 Comments