ဟိုး မြ၀တီ နယ်စပ်ဂိတ်ပေါက်ကနေ ၀င်လာတဲ့ လိုင်စင်မဲ့ကားတွေကို ပိတ်လို့ရတယ် မပိတ်ဘူး.ကြားထဲကဂိတ်တွေ.အဆင့်ဆင့်စားပြီးလွတ်ပေးတယ်..လိုင်စင်ကားလက်လှမ်းမမှီလို့ မရှိမဲ့ရှိမဲ့ ချွေးနဲစာနဲ့ ၀ယ်ယူပြီး စီးတဲ့ ပြည်သူ့လက်ထဲကျမှ ကားသိမ်းမယ်..ထောင်၃နှစ်ချမယ်တဲ့..ပြည်သူတွေ သက်သက်သာသာနဲ့ လက်လှမ်းမှီတဲ့ ဈေးနှုန်းနဲ့စီးခွင့်ရအောင်တော့ မလုပ်ပေးဘူး..လိုင်စင်မဲ့စီးရင် ထောင်ဒဏ် ၆လကနေ ၃နှစ်ကိုတော့ စောက်ခွက်ပြောင်ပြောင်နဲ့ တိုးပစ်လိုက်တယ်..
မူးယစ်ဆေးဝါးတွေ ထုတ်လုပ်ဖြန့်ဖြူးနေတဲ့ ပင်မကျတော့ အမြစ်ပြတ်အောင် မချေမှုန်းနိုင်ဘူး..အလွယ်တကူ ရလို့ သုံးစွဲမိတဲ့ ပြည်သူကျမှ တစ်ပြားနှစ်ပြားနဲ့လဲ ထောင်ဒါဏ်ကို နှစ်ရှည်ချတယ်..ငါတို့ စောက်လုပ်မလုပ်လို့ မူးယစ်တွေ အလွယ်တကူ ပြန့်နေတယ်ဆိုပြီး ရှက်ရကောင်းမှန်းလဲ မသိကြဘူး...
သရုပ်ဆောင် မင်းရာဇာ က အိမ်ဖော်လေးကို မုဒိန်း ကျင့်တော့ ထောင် ဒဏ် နှစ်၂၀လောက် ချမယ်လို့ ကြားရတယ်...ဟိုရဲမှူးချုပ်က ရဲမေ ၁၈ ယောက်ကို ခြေတော်တင်တာကျတော့ ရဲဥပဒေမှာ အမြင့်ဆုံး ထောင်ဒဏ်က ၃နှစ်ပဲတဲ့..တော်တော်တရားကျဖို့ကောင်းတယ်.
.ပြည်သူတွေဆီကနေတော့ ``ကျုပ်တို့ကို မဲထည့်ပါ..ကျမတို့ကို မဲထည့်ပါ ´´နဲ့....အခြေခံပြည်သူတွေကို ဂုတ်ခွစီးပြီး အနိုင်ကျင့်နေတဲ့ အဖွဲ့အစည်းတွေကို မြေလှန်ပစ်ပါ့မယ်လို့တော့ ဘယ်ပါတီကမှ ကတိမပေးဘူး..ပြည်သူတွေကို လက်လှမ်းမှီတဲ့ဈေးနှုန်းလေးတွေနဲ့ ကားစီးခွင့်ရအောင် ဆောင်ရွယ်ပေးပါ့မယ်လို့လဲ ဘယ်သူဆီကမှ ပြောသံမကြားဖူးဘူး...
ကားတွေများလာရင် လမ်းတွေကျပ်လာလိမ့်မယ်ဆိုပြီးတော့ ဆင်ခြေလာမပေးနဲ့...ရန်ကုန်ကလွဲရင် ကျန်တဲ့ ပြည်နယ်နဲ့တိုင်းတွေကိုလာကြည့်လိုက်..လမ်းပေါ်မှာ ဘောလုံးတောင်ကန်လို့ရတယ်..ဘာလဲ ရန်ကုန်မှာ ကားကျပ်တာနဲ့ပဲ ကျန်တဲ့ ပြည်နယ်နဲ့တိုင်းမှာရှိတဲ့ ပြည်သူတွေက ကားမစီးရတော့ဘူးလား..စောက်တလွဲ ဦးနှောက်တွေ...
အခြေခံဥပဒေအရ စစ်တပ်က ပြည်ထဲရေးကို ကိုင်တွယ်ထားတယ်ဆိုတာနားလည်တယ်..ဒါပေမယ့် အာဏာရအစိုးရ အနေနဲ့ ပြည်သူတွေကို အနိုင်ကျင့်ခွင့်ပေးထားတဲ့ ဒီကညန ဥပဒေလောက်တော့ ခင်ဗျားတို့ ပြင်ပေးသင့်တယ်...အခြေခံပြည်သူတွေ လက်လှမ်းမှီတဲ့ အခွန်နှုန်းလောက်ပဲ ခင်ဗျားတို့ကောက်သင့်တယ်...
ကိုယ့်လူမျိုးက ကိုယ့်ကို ဂုတ်ခွစီးပြီး အနိုင်ကျင့် အုပ်ချုပ်ခံနေရတာလဲ ၀ဋ်ကျွေးတစ်ခုပဲ..ဘယ်တော့များမှ ဒီဝဋ်ကျွေးတွေကနေ ကျုပ်တို့တွေ လွတ်မြောက်မယ်မသိတော့ဘူး....
အေးချမ်း..
0 Comments